"မိသားစုဆိုတာ" with U Kyaw Win & Aunty Ei Cho
No se pudo agregar al carrito
Add to Cart failed.
Error al Agregar a Lista de Deseos.
Error al eliminar de la lista de deseos.
Error al añadir a tu biblioteca
Error al seguir el podcast
Error al dejar de seguir el podcast
-
Narrado por:
-
De:
အိမ်ကလေး Podcast ရဲ့ နားဆင်သူများအားလုံးမင်္ဂလာပါရှင်။
ဒီတစ်ပတ်မှာ သီရိဖိတ်ခေါ်ထားတဲ့ဧည့်သည်တော်နှစ်ဦးကတော့ ဦးကျော်ဝင်း (စာရေးဆရာ/ထုတ်ဝေသူ "ဗျူး") နှင့် သူ၏ဇနီး အန်တီ အိချို တို့ပဲဖြစ်ပါတယ်ရှင်။
Social media မှာတင်လေ့ရှိတဲ့ သမီးဖြစ်သူ ဂျက်စီကာဒါဒါနဲ့ မိဘနှစ်ဦးရဲ့ ပွင့်လင်းတဲ့ဆက်ဆံရေးကြောင့် ရယ်မောပျော်ရွှင်ရတဲ့ video လေးတွေကြည့်ပြီး ဒီလိုမျိုး ပွင့်လင်းနွေးထွေးတဲ့ မိသားစုဆက်ဆံရေးမျိုးကို သီရိအပါအဝင် အားကျရသူတွေလည်း အများကြီးရှိနေမယ်လို့ထင်ပါတယ်ရှင်။
သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အောင်မြင်မှုကိုယ်စီရရှိထားတဲ့ သားနဲ့သမီး နှစ်ယောက်လုံးကို အခုလိုမျိုးကောင်းမွန်စွာကြီးပြင်းလာအောင် ပြုစုပျိုးထောင်ခဲ့တဲ့ မိဘနှစ်ဦးလည်းဖြစ်တာကြောင့် သီရိက "မိသားစုဆိုတာ" ဆိုတဲ့ ခေါင်းစဉ်လေးရဲ့အောက်မှာ ဒီနေ့ ဆွေးနွေးသွားချင်ပါတယ်ရှင်။
မိဘနေရာရောက်နေပြီးသားသူတွေရော၊ နောင်တစ်ချိန်ကလေးယူဖို့စိတ်ကူးထားတဲ့သူတွေအတွက်ပါ သိသင့်ပြီး မှတ်သားထိုက်တဲ့ အကြောင်းအရာလေးတွေကို ဆွေးနွေးထားတာမလို့ နားဆင်သူများအတွက်အကျိုးတစ်စုံတစ်ရာရရှိစေဖို့မျှော်လင့်ပါတယ်ရှင်။
နားဆင်ခံစားအားပေးကြပါဦးရှင်။
အိမ်ကလေး Podcast အပြည့်အစုံကို အောက်ပါ Link တွေကနေတဆင့် သွားရောက်နားဆင်နိုင်ပါတယ်ရှင်။
YouTube:
https://www.youtube.com/@ayesayoriginal
Spotify:
https://open.spotify.com/show/6yULQFNJhwVIm23KaKkVbl?si=2a293d2bc754427a
Apple Podcast:
https://podcasts.apple.com/us/podcast/%E1%80%A1-%E1%80%99-%E1%80%80%E1%80%9C-podcast-by-thiri/id1705832644
https://www.facebook.com/ayesayoriginal
https://www.instagram.com/ayesayoriginal
(အိမ်ကလေး Podcast ကို Aye Say Studio မှဖန်တီးတင်ဆက်ပါတယ်)