Episodios

  • Editorial Talk : ပေါက်ဖော်ကြီး ထောက်ခံလိုက်တဲ့ ရွေးကောက်ပွဲ
    Aug 17 2025

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ စကားဝိုင်းမှာတော့ " ပေါက်ဖော်ကြီး ထောက်ခံလိုက်တဲ့ ရွေးကောက်ပွဲ " ဆိုတဲ့ခေါင်းစဉ်နဲ့ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

    Más Menos
    17 m
  • ဆယ်ပြား ရွေးကောက်ပွဲနဲ့ ပြားသုံးဆယ် ငြိမ်းချမ်းရေးတို့အကြောင်း အပိုင်း ၂
    Aug 17 2025

    ဒီတပတ်စနေသတင်းစကားဝိုင်းမှာ အာဏာသိမ်းစစ်တပ် ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဝါရှင်တန်မှာ နေထိုင်နေတဲ့ တင်မောင်သန်း (သင့်ဘဝ) ကို ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ရဲနည်က ဆက်သွယ်မေးမြန်းဆွေးနွေးထားပါတယ်။ ရွေးကောက်ပွဲကတဆင့် စစ်တပ်တင်မယ့် အစိုးရသစ်ဟာ ဦးသိန်းစိန်လို ပြုပြင်ပြောင်းလဲရေးလုပ်မှာ မဟုတ်သလို တိုင်းရင်းသားတပ်တွေ အပစ်ရပ်လို့ ငြိမ်းချမ်းရေးရရင်တောင် ပြားသုံးဆယ် ငြိမ်းချမ်းရေးပဲဖြစ်မယ်လို့ သုံးသပ်ဆွေးနွေးထားတာ နားဆင်နိုင်ပါတယ်။

    Más Menos
    23 m
  • ဆယ်ပြား ရွေးကောက်ပွဲနဲ့ ပြားသုံးဆယ် ငြိမ်းချမ်းရေးတို့အကြောင်း အပိုင်း ၁
    Aug 16 2025

    ဒီတပတ်စနေသတင်းစကားဝိုင်းမှာ အာဏာသိမ်းစစ်တပ် ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဝါရှင်တန်မှာ နေထိုင်နေတဲ့ တင်မောင်သန်း (သင့်ဘဝ) ကို ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ရဲနည်က ဆက်သွယ်မေးမြန်းဆွေးနွေးထားပါတယ်။ စစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ လူနည်းစုအတွက်ပဲ ဖြစ်ပြီး စစ်တပ်ဟာ နိုင်ငံရေးမှာ ချုပ်ကိုင်နေဦးမှာ ဖြစ်တယ်လို့ သုံးသပ်ဆွေးနွေးထားတာ နားဆင်နိုင်ပါတယ်။

    Más Menos
    16 m
  • Editorial Talk : မင်းအောင်လှိုင်ရော လုပ်ရဲရင် ခံရဲသလား
    Aug 15 2025

    ဧရာဝတီရဲ့ ဒီတပတ် အယ်ဒီတာ စကားဝိုင်းမှာတော့ " မင်းအောင်လှိုင်ရော လုပ်ရဲရင် ခံရဲသလား " ဆိုတဲ့ခေါင်းစဉ်နဲ့ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားပါတယ်။

    Más Menos
    20 m
  • Editorial Talk : "တရားသူကြီးလည်း သူပဲ ဓားပြလည်း သူပဲ"
    Aug 3 2025

    ဒီတပတ် ဧရာဝတီရဲ့ အယ်ဒီတာ့စကားဝိုင်းမှာ လတ်တလော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကနေ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်လို့ စစ်အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောင်းဖွဲ့တာ၊ ရွေးကောက်ပွဲကျင်းပပြီး သမ္မတ ဆက်လုပ်မှာလားတို့အပြင် မြန်မာ့မြေရှားတွေ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် စိတ်ဝင်စားတယ်ဆိုတာ တကယ်လားစတဲ့ အကြောင်းအရာတွေကို ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ရဲနည်တို့ ဆွေးနွေးသုံးသပ်ထားတာ နားဆင်နိုင်ပါတယ်။

    Más Menos
    18 m
  • ရှစ်လေးလုံးမှသည် နွေဦးတော်လှန်ရေးသို့ သမိုင်းလက်ဆင့်ကမ်း
    Aug 2 2025

    ဒီတပတ် စနေသတင်းစကားဝိုင်းမှာ မှိုင်းရာပြည့်ကျောင်းသားဟောင်းလည်း ဖြစ်၊ ကျောင်းသားလှုပ်ရှားမှု သမိုင်းသုတေသီတဦးလည်း ဖြစ်သူ ဦးအောင်စောဦးနဲ့ ဧရာဝတီ အယ်ဒီတာ ရဲနည်တို့ရဲ့ ၃၇ နှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးသုံးသပ်ချက်ကို နားဆင်နိုင်ပါတယ်။

    Más Menos
    27 m
  • Editorial Talk: ဗိုလ်တထောင်နဲ့ ဗွက်ထနေရင် တော်လှန်ရေးကျရှုံးမယ် (ရုပ်/သံ)
    Jul 27 2025

    ဒီတပတ် ဧရာဝတီရဲ့ အယ်ဒီတာ့စကားဝိုင်းမှာ ပြည်သူ့စစ်မှုထမ်းတွေ အားဖြည့်ပြီး တရုတ်ရဲ့ ဘက်စုံအကူအညီနဲ့ ခေါင်းပြန်ထောင်လာတဲ့ စစ်ကောင်စီရဲ့ ထိုးစစ်အရှိန်မြင့်လာနေချိန်မှာ တော်လှန်ရေးဘက်မှာ ဗိုလ်တထောင်နဲ့ ဗွက်ထနေကြတဲ့အကြောင်း ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော်နဲ့ မြန်မာပိုင်း အယ်ဒီတာ ရဲနည်တို့ ဆွေးနွေးသုံးသပ်ထားကြပါတယ်။

    Más Menos
    22 m
  • Saturday Roundtable: ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို လေးစားအားကျတဲ့ မာဝီ
    Jul 27 2025

    ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ဒုစစ်ဦးစီးချုပ် မာဝီနဲ့ ဧရာဝတီ အယ်ဒီတာ ရဲနည်တို့ရဲ့ အထူးသီးသန့် အင်တာဗျူး အပိုင်း ၂ ကို ဒီစနေစကားဝိုင်း အသံလွှင့်အစီအစဉ်မှာ နားဆင်ပါ။

    Más Menos
    20 m