Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ Podcast Por Change The Map - Myanmar arte de portada

Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ

Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ

De: Change The Map - Myanmar
Escúchala gratis

အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။

ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။

ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။

© 2025 Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များ
Cristianismo Espiritualidad Ministerio y Evangelismo
Episodios
  • ဇူလိုင်လ၏ စတုတ္ထဆုတောင်းခြင်းအစီအစဉ် ဟောပြောဝေငှနေသောအမှုတော်ဆောင် မိသားစုဝင်များအတွက် ဆုတောင်းချက်များ
    Jul 28 2025

    ဟောပြောဝေငှနေသောအမှုတော်ဆောင် မိသားစုဝင်များအတွက် ဆုတောင်းချက်များ

    ဟောပြောဝေငှနေသော အမှုတော်ဆောင်များ၏မိဘများနှင့် မိသားစုဝင်များအတွက် ဆုတောင်းပါ။-အမှုတော်ဆောင်များ၏မိဘများနှင့် မိသားစုဝင်များသည် သူတို့၏သားသမီးများကို မယုံကြည်သူနိုင်ငံများသို့သွားရောက် ဟောပြောရန် ခွင့်ပြုနိုင်ဖို့ ဆုတောင်းပါ။

    မိဘများသည် သူတို့၏သားသမီးများကို ဘုရားသခင်ထံအပ်နှံရန်- မိဘများ၊ ဘိုးဘွားများသည် သူတို့၏သားသမီး မြေးမြစ်များအား ဘုရားသခင်၏နိုင်ငံတော်အတွက် ဆက်ကပ်ကြရန် ဆုတောင်းပါ။

    လူငယ်များ၏အသက်တာ၌ ကောင်းမွန်စွာ လမ်းပြခြင်းရရှိရန်- မိဘများ သင်းအုပ်ဆရာများ လူငယ်သင်းအုပ်များသည် လူငယ်များ၏ခေါ်ခြင်းအပေါ်မှာ ကောင်းမွန်စွာ ထိန်းကျောင်းလမ်းပြပေးတတ်ရန် ဆုတောင်းပါ။

    Más Menos
    4 m
  • ဇူလိုင်လ၏ တတိယဆုတောင်းခြင်းအစီအစဉ် | အယူခံဝင်ဆုတောင်းသူများအတွက် ဆုတောင်းချက်များ
    Jul 21 2025

    အယူခံဝင်ဆုတောင်းသူများအတွက် ဆုတောင်းချက်များ


    အယူခံဝင်ဆု‌တောင်းသူများ သာ၍စိတ်အားထက်သန်မှုရှိရန်- အယူခံဝင်ဆုတောင်းသူများသည် ဘုရားသခင်၏သတင်းကောင်း ကမ္ဘာပေါ်တွင်ပျံ့နှံ့စေရန် စိတ်အားထက်သန်စွာ ဆုတောင်းကြရန် ဆုတောင်းပါ။

    အခွင့်အာဏာကိုသိခြင်း- အယူခံဝင်ဆုတောင်းသူများသည် ခရစ်တော်ပေးထားသော အခွင့်အာဏာအားဖြင့် နိုင်ငံများကိုပြောင်းလဲစေရန် ဆုတောင်းတတ်သူများ ဖြစ်ဖို့ ဆုတောင်းပါ။

    ရန်သူ၏လုပ်ဆောင်မှုတွေကိုဆီးတားရန်- အားကြီးသောဆုတောင်းခြင်းအားဖြင့် စာတန်၏လုပ်ရပ်များကို ချေမှုန်းရန် ဆုတောင်းပါ။

    Más Menos
    3 m
  • ဇူလိုင်လ၏ ဒုတိယ ဆုတောင်းခြင်းအစီအစဉ် မျိုးဆက်အားလုံးပါဝင်မှုအတွက် ဆုတောင်းချက်များ
    Jul 14 2025


    မျိုးဆက်အားလုံးပါဝင်မှုအတွက် ဆုတောင်းချက်များ


    အသက်အရွယ်တိုင်းပါဝင်စေရန်- မည်သည့်အသက်အရွယ်မဆို ဘုရားသခင်၏မဟာစေခိုင်းချက်ကို ပြည့်စုံစေဖို့ ပါဝင်ကြရန်ဆုတောင်းပါ။

    ကလေးများတာဝန်ယူတတ်ခြင်းရှိရန်- ကလေးများသည် ဧဝံဂေလိဝေဌနေသော အမှုတော်ဆောင်များအတွက် သူတို့ကိုယ်တိုင် ပါဝင်တတ်စေရန် ဆုတောင်းပါ။

    မိသားစုများလည်းပါဝင်နိုင်ရန်- မိသားစုများသည် သူတို့တတ်နိုင်သည့်ဘက်က ဘုရားသခင်၏မဟာစေခိုင်းချက်ကို ပြည့်စုံစေဖို့ ပါဝင်ကြရန်ဆုတောင်းပါ။

    Más Menos
    4 m
Todavía no hay opiniones